"ဆရာထွန်းအောင်ကျော်၏ ကိုယ်ရေးအကျဥ်း နှင့် ရတနာစိန်သင်တန်းကျောင်း(YEDC)ဖြစ်ပေါ်လာပုံအကျဥ်း"
      ဆရာထွန်းအောင်ကျော်သည် သက္ကရာဇ်(1983-May-12)တွင်  (ဘုရား၊ ကျောင်း၊ရဟန်းဒကာ ရဟန်းအမဖြစ်ကြသော)ဦးစစ်အေး+ဒေါ်အေးမြင့်တို့မှ မန္တလေးတိုင်း၊မိတ္ထီလာမြို့နယ်(လေ့ကျင့်ရေးတပ်)တွင်မွေးဖွား၍၊ ကြာဂရက်ကျေးရွာ၊ဒေးဒရဲမြို့နယ်၊ဧရာဝတီတိုင်းတွင်ကြီးပြင်းခဲ့ပါသည်။  အသက် ၁ဝနှစ်တွင် သာသနာ့ဘောင်သို့ရောက်ရှိ၍ ‌ဗုဒ္ဓစာပေဘုန်းတော်ကြီးပညာရေးကိုလေ့လာသင်ယူခဲ့ပါသည်။ အဘိဓမ္မာစာမေးပွဲပထမ၊ဒုတိယ၊တတိယအဆင့်တို့ကိုအောင်မြင်ပြီး အခြေပြုမူလတန်းအောင်၊ပထမငယ်တန်းအောင်၊ပထမလတ်တန်းအောင်၊ပထမကြီးတန်းတို့ကိုလေ့လာသင်ယူခဲ့ပါသည်။
     သက္ကရာဇ် (2010)တွင် ထိုင်းနိုင်ငံသို့ပညာသင်ယူရန်ရောက်ရှိခဲ့ပါသည်။ Mahachulalongkornrajavidyalaya Universityမှ B.A(Buddhism-English)ဘွဲ့ကို 2015 ခုနှစ်တွင်ရရှိ၊ပြီးမြောက်အောင်မြင်ခဲ့ပါသည်။ တက္ကသိုလ်ပညာရေးသင်ယူရင်း ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများလိုအပ်နေသော အလုပ်ခွင်ဝယ်အခက်ခဲမရှိ၊လိုသလိုအသုံးချနိုင်ကြစေရန် ခေတ်ပညာရပ်များဖြစ်သော အင်္ဂလိပ်ဘာသာ၊ထိုင်းဘာသာ၊ကွန်ပျူတာဘာသာ၊ စက်ချုပ်၊ကားမောင်း၊အလှပြင်ယဉ်ကျေးမှုဘာသာရပ်များအားသွန်သင်ပြသ၍ပညာဒါနပြုပေးခဲ့ပါသည်။ မိမိနိုင်ငံသူ/နိုင်ငံသားတို့အားစောင့်ရှောက်ခြင်းနှင့်ဘာသာသာသနာကိုထိမ်းသိမ်းခြင်းအစစ်မှန်ဆိုတာထုတ်ဖော်ပြောပြဖို့မလိုပဲ လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့်ပင်သိနိုင်ပါသည်။ 

ဆရာထွန်းအောင်ကျော်သည်လည်း ထိုင်းနိုင်ငံတွင် ပညာသင်ရင်းမိမိနိုင်ငံသူ/နိုင်ငံသားတို့အပေါ်တွင်ပြန်လည်ကျေးဇူးဆပ်ခြင်း၊စောင့်ရှောက်ခြင်းနှင့်ဘာသာသာသနာကိုထိမ်းသိမ်းရန်အလို့ငှါ မိမိတက်သိသမျှ စာပေဗဟုသုတ ၊ဘာသာရပ်၊ပညာရပ်တို့ကို သင်ကြားပြသဆိုဆုံးမလမ်းပြပေးခဲ့သည်မှာ... 2012 ခုနှစ်မှ 2015 ခုနှစ် ဇန်နဝါရီအထိ ထိုင်းနိုင်ငံ၊မဟာချိုင်မြို့၊စမုစာခွန်၊နေဝစ်စျေးအနောက်တွင်တည်ရှိသော လောကမိခင်ပညာဒါနသင်တန်းကျောင်း(MEDC)တွင် ၄ နှစ်ခန့် ထိုင်းဘာသာရပ်အခြေခံတန်း၊အဆင့်မြင့်တန်း နှင့် ကွန်ပျူတာဘာသာရပ်တို့ကိုသင်ကြားပြသပညာဒါနပြုပေးခဲ့ပါသည်။ 2013 ခုနှစ်မှ 2014 ခုနှစ်အထိ ထိုင်းနိုင်ငံရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(MSMO) ဖလန်ဆေင်(၆၃)လမ်း၊ဘန်ကောက်တွင် ၁ နှစ်တိတိ ထိုင်းဘာသာရပ်ကိုပညာဒါနပြုပေးခဲ့ပါသည်။ ယ္ခအခါဆရာထွန်းအောင်ကျော်သည် ရတနာစိန်သင်တန်းကျောင်းအမည်ဖြင့် သင်တန်းဌာနအသစ်ကို တည်ထောင်၍ ဦးစီးဦးရွတ်ပြုကာဆက်လက်၍ အင်္ဂလိပ်ဘာသာ၊ထိုင်းဘာသာ၊ကွန်ပျူတာဘာသာနှင့် ကားမောင်းတို့ကို အခြေခံမှ အဆင့်မြင့်အထိသင်ပြပေးခြင်းနှင့် သင်တန်းကျောင်း၏လိုအပ်သည့် ကိစ္စအဝဝတို့ကို စီစဉ်ညွှန်ကြားထောက်ပံ့ဦးဆောင်နေသောသူတစ်ဦးလည်းဖြစ်ပါသည်။ ဆရာထွန်းအောင်ကျော်သည် ထိုင်းနိုင်ငံ (Mahachula University )မဟာကျုလာတက္ကသိုလ်တွင် (BA)ဘွဲ့ကိုရရှိပြီးနောက် မြန်မာနိုင်ငံသူ/သားများအားပညာဒါနပြုရင်း ဆက်လက်၍ ထိုင်းနိုင်ငံ(Siam University)စယာမ်တက္ကသိုလ်၊ဘန်ကောက်တွင် (MBA)ဘာသာရပ်ကို 2015 တွင်တက်ရောက်၍ 2017ခုနှစ်တွင် (IMBA)ဘွဲ့ကိုရရှိ၊အောင်မြင်ခဲ့ပါသည်။

     MBA ဘွဲ့ရပြီးနောက် လက်ရှိ Modus Logistic Company (Bangkok)တွင် Warehouse Manager ရာထူးဖြင့် အလုပ်ဝင်လျက်ရှိပါသည်။
       "ငါသည်...အများအကျိုးဆောင်ရွတ်နိုင်သူ၊နိုင်ငံနှင့် ဘာသာသာသနာ၊လူမျိုး၊တိုင်းသူပြည်သားတို့အကျိုးအားတက်အားသ၍ထမ်းဆောင်သွားမည်ဟုအဓိဋ္ဌာန်ပြုပါသည်။"
                                                                                                                                                         ဆရာထွန်းအောင်ကျော်(MBA)
                                                                                                                                                        Founder/CEO at  Yadanarsein Education Development Center
                                                                                                                                                         Manager Warehouse at Modus Logistic Company
                                                                                                                                                         Bangkok, Thailand. Ph: (+66)0823267144 (+95)09777737031