ျမိဳ(ျမံဳ) လူမ်ိဳး


တိဗက်- မြန်မာ အစုမှ လူမျိုးများအနက် မြိုလူမျိုးတို့သည် စစ်တွေခရိုင် ဘူးသီးတောင် ဒေသနှင့် ယခင် ရခိုင်တောင်တန်းဒေသ၊ ယခု ချင်းဝိသေသတိုင်း ပီးချောင်း၊ မီးချောင်း တလျှောက်တွင် နေထိုင်ကြသည်။ ထို့ပြင် အရှေ့ပါကစ္စတန်ပြည်၊ စစ်တကောင်း တောင်တန်း၊ ဗိုလ်မင်းထောင် တောင်တန်းနယ် အစွန်အဖျားတွင်လည်း မြိုလူမျုတို့ နေထိုင်ကြသည်။ ၁၉၃၁ ခုနှစ် သန်းကောင်စာရင်းအရ မြိုလူမျိုးတို့၏ ဦးရေမှာ ၁၃,၇၆၆ ခန့်ရှိသည်။ မြိုလူမျိုးတို့သည် မြို့ကြီးပြကြီးနှင့်မနီး၊ တောတောင် ချောင်းမြောင်း ထူထပ်သော အရပ်များတွင် ရှေးဓလေ့အတိုင်း တောင်ယာပဲခင်း လုပ်ကိုင်စားသောက်လျက် ရှိကြသည်။ ယောက်ျားတို့မှာ အနံ တဝါးလောက် အပြာရောင် အဝတ်ရှည်ကို ခါးတောင်ကျိုက်၍ ဝတ်ကြပြီးလျှင်၊ မိန်းမများမှာ အင်္ကျီဝတ်ကြရိုး ထုံးစံမရှိဘဲ၊ နက်ပြာရောင် အဝတ်စ အနံတထွာလောက်ကို ဒူးဆစ်အထိ ဆီးစပ်အောက် ရှော၍ ပတ်ရစ်ဝတ်ဆင်ကြသည်။ ထိုအဝတ်စ ခါးတွင် မြဲနေစေရန် ပုတီးစေ့လုံးကြီးများ သီထားသော ကြိုးများဖြင့် ရစ်ပတ်စည်းနှောင်၍သော်လည်း ထားတတ်၏။ သို့မဟုတ် ကြေးနီခွေများကိုသော်လည်း စွပ်ထားတတ်၏။ ရိုးသားစွာ နေထိုင်လေ့ရှိသည်။ လူအိုလူမင်းများကို လုပ်ကိုင် ကျွေးမွေးမည့် သားသမီးမရှိလျှင် ကာလသားများသည် စု၍ အပိုသက်သက် တောင်ယာလုပ်ပြီးလျှင် ဝမ်းစာထည့်ပေးကြ၏။

လူဦးရေ စုစုပေါင်း edit

၃၂၀၀၀၀- ၃၃၀၀၀၀ကျော် ခန့်မှန်း (၂၀၀၄) အများစု နေထိုင်သည့် နေရာ မြန်မာနိုင်ငံ (ချင်းပြည်နယ် ချင်းလက်ဝ၊ ရခိုင်ပြည်နယ်)၊ဘင်္ဂလားဒေရ့် နိုင်ငံ (Bandarban ဘန်ဒါဘန်၊စစ်တကောင်းခရိုင်)၊ အိန္ဒိယနိုင်ငံ (Bengal ဘင်္ဂါ အရပ်) မြန်မာ ၃၀၀၀၀ကျော် ဘာသာစကား မြိုဘာသာစကား (ဒေသိယစကား- မရူ(မြူ)၊ မြို (မရို)၊ မရူဆာ (မရူဆာ)၊ မရိုဆာ(မြိုစာ) ၊မြုံ(မြုန်)၊ တောင်မရူ(တောင်မမြူ) ၊တောင်မမရို(တောင်မြို) )

ကိုးကွယ်မှု edit

Animism, Buddhism and Christianity ဆက်စပ် တိုင်းရင်းသား အုပ်စုများ

မြိုလူမျိုး edit

ခေါင်းကိုက်၊ ဝမ်းနာ၊ ဖျားနာခြင်းမှစ၍ နတ်ဖမ်းစားသည်ဟု အယူရှိပြီးလျှင် ကျွဲနွားဝက်တို့ကို သတ်၍ နတ်တင်လေ့ရှိသည်။ တောင်ပေါ် ယာခင်းတွင် မျိုးကြဲခါနီး၌ ကြက်ကို အကောင်များစွာ သတ်၍၊ ကြက်သွေးဖြင့် ယာခင်းကို ပက်ဖျန်းကာ ယာခင်းကောင်းစေရန်လည်း နတ်တင်လေ့ရှိသည်။မြိုလူမျိုးတို့သည် တချိန်က ရခိုင်ပြည်တွင် မင်းဧကရာဇ်များအဖြစ် နန်းတက်၍ "မြို" မင်းဆက် နှစ်ဆက်ကိုပင် တည်ထောင်ခဲ့ဘူးလေသည်။ ထိုသို့ မြိုမင်းဆက် နန်းတက်ခဲ့သည်မှာ သက္ကရာဇ် ၁၃၁ ခုနှစ်မှ ၁၅၆ ခုနှစ်အထိ ၂၅ နှစ်ခန့် ကြာခဲ့လေသည်။ဤသို့ မြို့မင်းဆက် နှစ်ဆက် ထူထောင်ခဲ့ဘူးသော မြိုလူမျိုးတို့မှာ ယခုအခါ မထင်မရှားသော လူမျိုးအနေဖြင့် တည်ရှိကာ၊ အခြား မြန်မာနိုင်ငံ တိုင်းရင်းဘွားတို့ကပင် မြိုလူမျိုးတို့အကြောင်းကို မသိရှိကြပေ။[၁]မြို တိုင်းရင်းသားလူမျိုးစု ဆိုသည်မှာ ရခိုင်ပြည်နယ်အတွင်း နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု ဖြစ်သည်။ ရခိုင်မျိုးနွယ်စုထဲတွင် ရခိုင်၊ ကမန်၊ ခမီ၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် ဟုဆိုခါ လူမျိုးစု ၇ စု ရှိသည်။ အနောက်မဇိမမှ စစ်ဘေးဒဏ်ကြောင့် မြို တို့သည် ဟိမဝန္တာတောင်ခြေများကို ဖြတ်ကျော်လျက် တိဗက်ကုန်းပြင်မြင့်သို့ ရောက်ရှိခဲ့ကြသည်ဟု ရှေးဘိုးဘေး၊ ဘီဘင်တို့၏ နှုတ်ဆင့်ကမ်းစကားအရလည်းကောင်း၊ မြို ဘာသာစကား၊ တေးလင်္ကာပုံပြင်၊ ဝတၳုအရလည်းကောင်း သိရသည်။ တိဗက်မှတစ်ဆင့် အာသံ၊ မဏိပူရသို့ ရောက်ရှိလာခဲ့ကြပြီး နောက်တစ်ဖန် ယင်း အာသံ၊ မဏိပူရမှ တစ်ဆင့် ခြေဦးတည့်ရာသွားကြပြန်ရာ ယခု ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့၊ အရှေ့ဘက် (၁၀) မိုင်ကျော်ခန့်အကွာ မြို ဘာသာစကားဖြင့် ကိမ္မာ ခေါ်ဆိုသည့် ကျောက်ပန်းတောင်နှင့် နီလာပန်းတောင်သို့ ရောက်ရှိ အခြေချနေထိုင်ခဲ့ကြသည်။ ယင်းမှတစ်ဆင့် အချို့သည် ဂဇ္စပနဒီ(ကုလားတန်မြစ်)၏ အထက်အောက်နှင့် လေးမြို့မြစ်တစ်လျှောက် ပျံ့နှံစွာ ဆင်းသက်နေထိုင်ခဲ့ကြသည်။ အချို့မှာ အရှေ့ပါကစ္စတန်(ဘင်္ဂလားဒေ့ရှ်)ထိ ရောက်ရှိ ပျံ့နှံခဲ့ကြသည်။ရှေးလူကြီး သူမတို့၏ ပြောစကားအရ မြို သည် တောရိုင်းတိရိစာၦန်ရန်မှလည်းကောင်း ၊ ဟိယာဟုခေါ်သော စစ်ရန်မှလည်းကောင်း ကာကွယ်ရန် ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကာရံလျက် နေထိုင်ကြသည်ဟုဆိုသည်။ ယင်းသို့ ခြံစည်းရိုးခုနှစ်ထပ်ဖြင့် ကျားရဲတိရစ်ဆာန်တို့၏ ဘေးရန်မှ ကာကွယ်နေထိုင်ခြင်းကို မြို ဘာသာစကားဖြင့် မရူဆရီကာ အဲဒတ် ဟု ခေါ်ဆိုကြသည်။ နောင်တွင် မရူမှ မရို၊ မြို ဖြစ်လာသည်။ ရှေးပညာရှိများက မြို ဘာသာစကား၊ ခြံစည်းရိုး အခေါ်အဝေါ် မြို ကို အခြေပြုပြီး ခြံစည်းရိုးအတွင်းနေထိုင်လူ(လူမျိုး) မြိုလူမျိုးဟု သမိုင်းမှတ်တမ်းများ တင်ခဲ့ကြပါသည်။

Mro or Mru or Murong)ဟူသော edit

စကားလုးံတစ်ခုစီကို ပြန်လည်ကြည့်သော် မည်သို့ကွဲပြားဟန်ရှိမည်နည်း။( Mro မြို )ဟူသောစကားလုးံအပြင်( မြို ့) ့ဟူ၍လည်းကောင်း၊(မရို )ဟူ၍လည်းကောင်းစာလုးံပေါင်းမတူ ကွဲပြားဟန်ဖြင့်တွေ့နိုင်သည်။(Mru မြူ )ဟူသောစကားလုးံအပြင်( မရူ)ဟူ၍လည်းကောင်း၊ (မြူ း)ဟူ၍လည်းကောင်းစကားလုးံပေါင်းမတူကွဲပြားဟန်ဖြင့်တွေ့နိုင်သည်။(Murong မြုံ )ဟူသောစကားလုးံအပြင်( မြုန်)ဟူ၍လည်းကောင်း၊(မြုမ်)ဟူ၍လည်းကောင်း၊ စကားလုးံမတူကွဲပါးဟန်ဖြင့်တွေ့နိုင်ပါသည်။မြို (Mro or Mru)ဟူသော ဝေါဟာရသည် "လူ"ဟုအဓိပ္ပါယ်ရပါသည်။ "မြူ "(Mru )ကို ရခိုင်ဘာသာစကားဖြင့် (Mru)ဟု ပီသစွာ အသံမထွက်တတ်သောကြောင့် "မြို ""Mro" "မရို"ဟု ခေါ်ဝေါ်ကြသည်။သူတို့ ဘာသာစကားအားဖြင့် "Mru""Mrucha orMrusa ဟုခေါ်ပြီး အဓိပ္ပါယ်မှာ"လူ""လူသားဟုရပါသည်။"Mrucha orMrusa စကားလုးံအနက်ကိုပြန်လည်ဖွင့်သော်Mru အနက်အဓိပ္ပါယ်သည်"လူ" "cha or saအနကိအဓိပ္ပါယ်သည် "သား"("Mru +cha")("လူ+သား") (လူသား)ဟု အဓိပ္ပါယ်ရပါသည်။Mru ဟူသောအသံထွက်ကို"မရို "Mro"ဟုခေါ်ရာတွင် ဗမာလူမျိုးများက "မြို Mro"ကို"မျိ ု "(Myo)ဟု အသံထွက်ပြန်သည်။ဤနေရာ၌ ဤကဲ့သို့ တွေ့ရသည် in the Burmeseword Myo,Mro ,or in its Arakanese formMru =race,and seed,possibly also this word may originally have signified man,in the Burmese,as now in the Mru language(see p.34: Mr.J.R.Logan,in the journal ofthe Ind,Arch, for 1857)vol.ii.ထို့ကြောင့်"Mru"ဟူသောအသံထွက်ကို "မရို"မြို "ဟုလူမျိုးခြားတို့က မိမိဘာသာစကားအသံထွက်အရခေါ်ဝေါ်မှု ကွဲလွဲသွားခြင်းသာဖြစ်သည်။ထို "မြို "လူမျိုး မူရင်းစကားလုံးသည်"Mru"သာဖြစ်ပါသည်။ထို့အပြင် မြို လူမျိုးများသည်မိမိကိုယ်မိမိ မရူစာ Mrusa ,Mrocha မရိုစာဟုလည်းခေါ်ဝေါ်ကြသည်။ဤ သည် မှာ တစ်ရေတည်းသောက်၊တစ်အိုးတည်းစားဆိုသကဲ့သို့ရခိုင်လူမျိုးစုများနှင့် မြို လူမျိုးစုများတို့သည် တစ်ပြည်နယ်ထဲတွင်းတွင်အတူတကွနေထိုင်ကြသည်ဖြစ်၍ ရခိုင်သား၊မာန်အောင်သား၊ရမ်းဗြဲသား၊ချောင်းသားဟူ၍နေထိုင်ရာဒေသအလိုက်အသီးသီးခေါ်ဝေါ်မှုများရှိသော်လည်း အားလုးံပင် ရခိုင်လူမျိုးဖြစ်သကဲ့သို့မြို လူမျိုးတို့သည်လည်း Mro မြို ၊Mru မြူ ၊Murong မြုံ ဟူ၍နေရာဒေသအလိုက် အသီးသီးခေါ်ဝေါ်ကြသည်ကို ရခိုင်ရာဇဝင်ကျမ်းများဖြစ်သည့် ရခိုင်မဟာရာဇဝင်တော်ကြီးဓညဝတီရာဇဝင်သစ်ကျမ်း၊တစ်ချို့သော စာပေများတွင်လည်းကောင်း မြို လူမျိုးများအကြောင်းကို ရေးသားကြရာတွင် "Mru"မြူ "ဟူသောစကားဝေါဟာရအပြင် `မြို့´ဟူ၍လည်းကောင်း၊မြို ဟူ၍လည်းကောင်း၊မြုံ ဟူ၍လည်းကောင်း၊စာလုးံပေါင်းကွဲပါးဟန်ဖြင့်ရေးသားထားသည်။ထို မြို ၊မြုံ ၊မြူ ၊မြုန်၊မြု မ်၊မြို့ ၊မရူစာဟူသောအရေးအသားများသည် "Mro မြို "or "Mruမြူ "လူမျိုးများကိုပင်ရေးသားထားခြင်းဖြစ်ပါသည်။ဤ မြို ၊မြုံ ၊မြူ ၊စကားလုးံအရင်းခံကိုရာဇဝင်ကျမ်းများတွင်ဖော်ပြချက်၊ မျက်မှောက်မြို လူမျိုးများပျံ့ နှံ့နေထိုင်ကြသည့် နိုင်ငံအသီးသီးက မြို လူမျိုးအကြောင်းရေးထားသည့် သမိုင်းများနှင့် ခေတ်သစ်ပညာရှင်များရေးသားချက်များကိုချင့်ချိန်ပြီးလေ့လာသော် တစ်ထပ်တည်းပင်တွေ့ရသည်။``မြို ´´ဟူသောဝေါဟာရကိုရခိုင်သမိုင်းတွင်မည်သို့တွေ့ရသနည်း။မြို လူမျိုးတို့သည် ပြည်ထောင်သား၊မြို ့ထောင်သား၊ပြည်အုပ်သားများဖြစ်သည်ကို တစ်နေရာတွေ့ရှိသည်မှာ အမတ်ကြီး၊`ဘဒူ-မင်းညို´ရေးစပ်သော ရခိုင်မင်းသမီးဧချင်း သို့မဟုတ်မောက်တော်ေဧးခြင်း အပိုဒ်(၁၄)မြို့တွင်ထင်ရှား= ညွန်း(၂၂၇)မြို လူမျိုးတွင်ထင်ရှားသောရွာသူကြီး(သင်းကြီး)ကို ညွန်း၍ "မြို ့ထက်"မြို "ကပိုသင့်သည်ဟု ယူဆသည် ။ဟူ၍တွေ့ရသည်။(မြုံ )(မြူ )ဟူသောဝေါဟာရကိုထပ်မံ လေ့လာသည်မှာ ရခိုင်၊ဗမာတို့က တောထူထပ်သောအရပ် ၊လူသူမပေါက်ရောက်သည့်အရပ်ကို မြုံ သောအရပ်ဟုခေါ်ပါသည်။ဤ မြုံ ဟူသောစကားလုးံ၏ ဖော်ပြချက်ကို ရခိုင်သမိုင်းတွင်ဖော်ပြထားသည်မှာ ဤကဲ့သို့ဖြစ်ပါသည်။အမတ်ကြီးဓမ္မဇေယျ သည် ဝေသာလီခေတ် စုဠစန္ဒရားမင်းလက်ထက်ထင်ရှားခဲ့သောပညာရှိအမတ်ကြီးတစ်ဦးဖြစ်ခဲ့သည်။ရခိုင်ရာဇဝင်များတွင်ဖော်ပြချက်များအရ ကဗျာ၊စာပေ၊အများအပြား စီကုးံခဲ့မည်ဖြစ်သော်လည်း ရခိုင်စာပေသမိုင်းတွင် စိုင်းဒရားဘွဲ့(စန္ဒရားဘွဲ့)နှင့်လှေတော်သံမှာ အထင်ရှားဆုးံဖြစ်သည်။အမတ်ကြီးသည် ဝေသာလီခေတ် နန်းတွင်းအရေးအခင်းကြောင့်ရခိုင်ပြည်မြောက်ဘက်သို့ထွက်ခွာလာကာ ယခု အိနိ္ဒယပြည် တြိပူရနယ်တွင် တိုင်းပြည်တည်ထောင်ခဲ့ပေသည်။၎င်းတို့မှာ နိုင်ငံရေးအရ တိမ်းရှောင်လာခဲ့ရသူများဖြစ်၍ မိမိဝမ်းထဲတွင် သိုဝှက်``မြုံ ´´ထားရ၍ မြုံ လူမျိုးဟုခေါ်၍ ၎င်းတို့နေရာကို မြုံ ပြည်ဟုခေါ်သည်။အမတ်ကြီးဓမ္မဇေယျ ၏ ကဗျာလင်္ကာများမှာ သက်ထောင်၊ဖလံထောင်၊မြုံ ပြည်၊တြိပုရ၊ရန်ကာမတီတို့တွင် ယခုတိုင်တွေ့ရသေးသည်။ရခိုင်ပြည်နှင့် ခရီးကွာဝေးလွန်းသည့်အပြင် ကာလကြာမြင့်စွာ အဆက်အသွယ်ပြတ်ခဲ့၍ မှတ်တမ်းတင်ထားသော စာပေအရေးအသားအက္ခရာများ ခေတ်ဟောင်းဟန်အတိုင်းသီးသီးခြားခြားကျန်ရှိနေပေသေးသည်အမတ်ကြီး ဓမ္မဇေယျ ၏ရေးစပ်ခဲ့သည့် စိုင်းဒရားဘွဲ့နှင့် လှေတော်သံဟန်စွလေလင်္ကာတို့မှာ ထိုခေတ်ထိုအခါ၏ သမိုင်းနောက်ခံနှင့် ဆက်သွယ်မှုရှိသည်။၎င်းတို့ကိုရခိုင်ရာဇဝင်မှ ထုတ်နုတ်ဖော်ပြအပ်ပါသည်။အမတ်ကြီးဓမ္မဇေယျ နှင့် အတူ ပါသွားကြသူများတွင် အတူတကွ မလိုက်ပါဝ့ံဘဲ နေရစ်ခဲ့ကြသူများလည်းရှိနေခဲ့ကြပေ၏။ကွဲကွာလျက်နေရစ်ခဲ့ကြသော လူပေါင်းငါးရာတို့သည် ခရီးအကြား တောမြူ ရာအရပ်တွင် တန့်ရပ်ခဲ့ကြလေသည်။ထိုမြူတော၌ ပြည်ထောင်၍နေခဲ့ကြသောကြောင့် ထိုနေရာအားမြုံ ပြည်၊မြုံ မြို့ ဟုခေါ်ဆိုခဲ့ကြလေ၏။မဂဓဘာသာ၌ တောအရပ်ကို မူရဟု ခေါ်လေ၏။မူရမှ မူရ်၊မြူ ၊မြုံ ဟုရွှေ့ပြောင်းပြောဆိုလာနိုင်လေသည်။ရခိုင်တို့ဘာသာဖြင့်မူ (တောမြုံ )ရာ၌ တည်ထောင်ခဲ့သဖြင့် မြုံ ပြည်မြုံ ထောင်ဟုဖြစ်လာခဲ့လေသည်ဆို၏။ ဤအချပ်များသည်အမတ်ကြီး ဓမ္မဇေယျ နှင့်ပတ်သက်သော မြို လူမျိုးများကို ဤကဲ့သိုရခိုင်ရာဇဝင်တို့၌့ဖွင့်ဆိုခြင်းကိုတွေ့ရပါသည်။အထက်ပါဖော်ပြခဲ့သည့် Mro မြို ,Mruမြူ ,Murong မြုံ ဟူသော ဝေါဟာရအမည်များကို (Zerin Tasnim Khan)သူ၏ Barchlor of Architecrure Degree အတွက် "Community Based visitor's Facilities in Alikadam,Bandarban"အမည်ရှိစာအုပ်တွင် ဤကဲ့သို့ ဖော်ပြထားပါသည်။Murong Community mostly found inBandarban district.``Murong lives in LamaRuma,Alikadam and ThanchiUpazilas near Chimbuk-mountain of Bandarban district.´´``Mru also districtbuted in Toin,Mangu, Toinfa,Luloing ,Uthahangar,Dhakkinhanar,Tankabati,Harinzuri,Takerpanchari,Renikyong,Pantala,Thankhyoung,Swalock,Tindow,Singpa,Alikhaung and Bhariyatalimouzas.The Mro population in Chittagong Hill Tracts in 1956 was 17000and 1981 ,it stood at 20000 and 1991the"Murong population in bangladesh was22,178 and constituded the fourth largest tribe in Chittagong Hill Tracts."မြုံ အုပ်စုသည် ဘန္ဒရာဘင် နေရာဒေသတွင်အထူး နေရာယူကြသည်ကိုတွေ့ရသည်။ထိုအုပ်စုသည် ဘန္ဒရာဘင်အရပ်ဒေသရှိ ရှိန်ဘုတ်တောင်နှင့် နီးစပ်ရာ Rumaရိုမ,Alikadam အလီကာဒင္နှင့်ThanchiUpazilas တန်ဇီအူပဇွးလားတို့တွင်နေထိုကြပြီး။"မြူ Mru"အုပ်စုသည်လည်းToin တွန်၊Mangu မင်ဂူ၊Toinfaတွန်ဖာ၊Luloing လူလွန်း၊Uthahangar အူသာဟင်ဂါ၊Dhakkinhanar ဒက်ခင်ဟန်နာ၊Tankabati တန်ဂါဘာတီ၊Harinzuriဟာရန်ဇူရီ၊Takerpanchariသာဂါပန်ဆာရီ၊Renikyongရန်နီချောင်း၊Swalock ဆွာလောက်၊Tindowတိန်ဒို၊Singpa ရှိန်ပ၊Alikhaung အလီခေါင်နှင့်Bhariyatalimouzas ဘာရီယာမော်ဇာတို့တွင် နေထိုင်ကြပါသည်။၁၉၅၆ခုနှစ်စစ်တကောင်းတောင်တန်းဒေသရှိ မြို အုပ်စု၏ လူဦးရေသည်၁၇၀၀၀နှင့် ၁၉၈၁ခုနှစ်တွင် ၂၀၀၀၀ဖြစ်ပြီး၁၉၉၁ဘင်္ဂလားဒေရ့်နိုင်ငံတန်ခေါင်စာရင်းတွင်မြုံ အုပ်စု၏ လူဦးရေမှာ၂၂၁၇၈ဦးဖော်ပြထားပြီးစတုတၳနေရာတွင်လူဦးရေအများဆုးံဟုဖော်ပြထားပါသည်။The name Mru is spelled and pronounceddifferently by different groups,for instance,"Murong"or "Murung"as it is called by the Bangali, "Mro" by the Marmaand "Mru" by themselves(Brauns and Loffler,1990).ဟုဖော်ပြရေးသားခြင်းကိုတွေ့ရသည်။

ယုံကြည်ကိုးကွယ်မှု ပြင်ဆင် edit

မြိုလူမျိုးများသည် ထိုရိုင် ဘုရား ၊ရိုးရာနတ်စသည်များကို ကိုးကွယ်လာကြရာမှ ဘီစီခြောက်ရာစုသို့ ရောက်သောအခါ ဗုဒ္ဓဘာသာသို့ ကူးပြောင်းကိုးကွယ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ဓညဝတီပြည့်ရှင် ဘုရင်စန္ဒသူရိယ၏ မနောအဓိဋ္ဌာန်ဖြင့် ပင့်လျှောက်ချက်အရ မြတ်ဗုဒ္ဓသည် မဟာသက္ကရာဇ်(၁၂၃)ခုနှစ်၊ ဘီစီ(၅၅၄)နှစ်၊ ဝါတော်(၂၀)၊ သက်တော်(၅၅)နှစ်အရွယ်တွင်၊ (အချို့က ခြောက်ဝါမြောက်က ပြော၏၊ အချို့က ပရိနိဗ္ဗာန်မပြုမီ တနှစ်အလိုက ပြော၏။) တပည့်သံဃာငါးရာ ခြံရံလျက် ရာဇဂြိုဟ်ပြည်မှသည် ဓညဝတီရွှေမြို့တော်သို့ ကြွရောက်ရောက်တော်မူ၍ ဘုရင်စန္ဒသူရိယမင်းနှင့်တကွ ဓညဝတီပြည်သူပြည်သားများအား သစ္စာရေအေးအမြိုက်ဆေးကို တိုက်ကျွေးတော်မူကြောင်းကို ထောက်ဆ၍ သိနိုင်ပေသည်။ကုန်းတော်စေတီတော်သမိုင်းအရ သာသနာသက္ကရာဇ်(၂၂၃)ခုနှစ်တွင်၊ ဓမ္မက္ခန္ဓာ(၈၄၀၀၀)ကို ရည်စူး၍ ဓမ္မာသောကမင်းကြီးက တည်ထားခဲ့သည်ဟု သိရသည်။ ရခိုင်ရာဇဝင်တွင် သူရိစက္ကမင်းတည်သည်ဟု ဆိုသည်။ ကုန်းတော်စေတီတော်သည် ဖက်စုံမွမ်းမံမှုသာ ရှိသော်လည်း၊ ဥဿလင်းစေတီတော်မှာ သဘာဝဘေးဒဏ်ကြောင့် ပျက်စီးယိုယွင်းလျက်ရှိရာ ၁၉၉၃ခုနှစ်တွင်၊ နိုင်ငံတော်အစီအစဉ်ဖြင့် အသစ်တဖန်တည်ဆောက်ခဲ့သည်။ ထိုသို့ တည်ဆောက်ခဲ့စဉ်က မြေအောက်ဌာပနာတိုက်ကို တူးဖေါ်ကြရာ၌ မြိုအမျိုးသမီး၏ အဝတ်တန်ဆာကို တွေ့ရသည်။ ဟူသော အထောက်အထားကို ထောက်ဆ၍လည်း မြိုလူမျိုးတို့၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုနဲ့ ပတ်သက်၍ အတိမ်အနက်ကို မှန်းဆသိနိုင်သလို မြိုလူမျိုးများသည် ရခိုင်ဒေသတွင်းသို့သာမက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မီးချောင်းဒေသသာမကဘဲ ပလက်ဝမြို့နယ်၊ အထက်ပိုင်းဒေသသို့လည်း ပျံ့နှံ့နေထိုင်လျက် ရှိနှင့်ကြပြီဟူသည်ကို ခန့်မှန်းနိုင်ပေသည်။ အေဒီ.၇၇၆.ခုနှစ်၊ နန်းတက်သော မြိုလူမျိုး ပဲဖြူမင်းသည်၊ သူ(ပဲဖြူမင်းသား)အပိုင်စားရသော မြောက်ဦးရွာကို မြောက်ဦးမြို့တော်သစ် တည်ထောင်ဖန်ဆင်းခဲ့မှုကြောင့်၊ လေးမြို့ခေတ်ကုန်၍ လောင်းကြက်မြို့ကနေ ထွက်ခွာလာခဲ့သော ရခိုင်ဘုရင် မင်းစောမွန်က အေဒီ ၁၄၃ဝခုနှစ်တွင်၊ မြိုပဲဖြူမင်းတည်ထောင်ခဲ့သည်၊ မြောက်ဦးမြို့ဟောင်း နေရာမှာပင် မြို့တော်သစ်ကို တဖန်တည်ထောင်ခဲ့သည်မှစ၍ မြောက်ဦးခေတ်သမိုင်းသည် ယနေ့မျက်မှောက်ခေတ်တိုင် ထင်ရှားကျော်ကြားနေခြင်း ဖြစ်ပေသည်။မြောက်ဦးမြို့ကို ယနေ့အချိန်ထိ မြိုလူမျိုးများက ပဲဖြူမင်းသား၏ မြိုအမည်လီခုံဟူသောအမည်ကို အစွဲပြု၍ လီခုံမြို့ဟူ၍ ခေါ်ဆိုနေကြသေးသည်။ ရွှေပန်းခိုင်စေတီတော်သမိုင်းစာအုပ် စာမျက်နှာ(၂၃)၌လည်း "မြောက်ဦးမြို့တည်၊ စံမြန်းသည်နှင့်၊ အရှည်ကာလ၊ သတ္တဒသာ၊ ရောက်သောခါလျှင်၊ မိစ်ဆာစွဲလမ်း၊ ကိုးသိန်းရှမ်းတို့၊ ပြွမ်းပြွမ်းစစ်ဘက်၊ ချီတက်ဝန်းရံ၊ တိုက်လေပြန်သော်"ဆိုသည့် ရာဇဝင်လင်္ကာအရ ပဲဖြူမင်း မြောက်ဦးမြို့တွင်၊ နန်းစံကာလ (၁၇)ခုနှစ်၊ ကြာသောအခါ၊ သိုခင်ဘွားကြီးဦးဆောင်သည့်၊ ရှမ်းကိုးသိန်းတို့သည်၊ မြောက်ဦးမြို့ကို စစ်ပြုရန် ရိုးတောင်ကို ကျော်ဖြတ်ပြီး လေးမြို့မြစ်ဖျားမှ ဆင်းသက်လာကြသည်။ထိုအခါ အင်အားချင်း မမျသည်ကို သိရှိကြသဖြင့် ပဲဖြူမင်းနှင့် မိဖုရားမှူးမတ်ဗိုလ်ပါ ရဲမက်အပေါင်းတို့သည်၊ ပါနိုင်သမျှကို ယူဆောင်ကြလျက် ကစ်ဆပနဒီကို ဖြတ်ကူးကာ အနောက်ဘက်"ယောနဒီ"ယိုးချောင်းဒေသသို့ ထွက်ခွာတိမ်းရှောင်ကြလေသည်။ ရခိုင်မင်းသမီးဧချင်းတွင်"နောင်တလစ်မူ၊ သားပဲဖျူနှင့်၊ ရိပ်ဖြူဆောင်းချုပ်၊ ပြည်ရွာအုပ်လျှက်၊ တုန်လှုပ်မစွမ်း၊ ခဲယိုယွင်းတွင်၊ ရှမ်းကိုးသိန်းရှင်၊ တောင်ရိုးစီး၍၊ ပျက်စီးလေခါ၊ တို့ရွာတစ်ကြိမ်၊ မင်းမဲ့တိမ်သည်" ဟူ၍ ရေးဆိုထားခဲ့သည်။ " ယောနဒီ"ယိုးချောင်းဒေသတွင် တိမ်းရှောင်နေစဉ် ပဲဖြူမင်းက သပိတ်တောင်မြို့ကို၊ တည်ထောင်စိုးစံနေခဲ့သည်။ ၎င်းသပိတ်တောင်မြို့ဟောင်းနေရာကား သပိတ်တောင်၏ အနောက်မြောက်(၃)မိုင်ခန့် အကွာရှိ၊ ယခု ဖားဝပ်ချောင်းကျေးရွာ၊ မြောက်ဘက်တွင်ဖြစ်မည်ဟု အများက ယူဆခဲ့ကြသည်။ ယခုတိုင် တွေ့မြင်နေရသေးသည့် နန်းရာကုန်းနေရာ၊ သိမ်ဘုရားနေရာဟောင်းများနှင့် အုတ်ကျိုး၊ အုတ်ကြေများ၊ တိမ်ကောနေပြီဖြစ်သည့် ရေကန်ပျက်များမှာ မြေပြင်အထောက်အထားများပင် ဖြစ်ကြပါသည်။ ကွင်းပတ်လည်ရှိ ချောင်းမြောင်းများနှင့် တောင်ကုန်း၊ တောင်တန်းအနေအထားမှာ မြို့ဟောင်းနေရာကွင်းပြင်ကို ပတ်ဝန်းကာရံထားဘိသကဲ့သို့ တည်ရှိနေကြပါသည် ဟူ၍ ဖေါ်ပြထာယပေသည်။ အထက်ပါရေးသားဖေါ်ပြချက်များကို ကြည့်ပါက ပဲဖြူမင်းအုပ်ချုပ်သော အေဒီရှစ်ရာစုက မြိုလူမျိုးများ၏ ဗုဒ္ဓဘာသာအပေါ် ယုံကြည်သက်ဝင်မှုအတိုင်းအတာကို မှန်းဆသိနိုင်ပေသည်။ဒုတိယပုရိန်မြို့တော်ကို အသစ်တဖန် တည်ထောင်သော ပထမပုရိန်ခေတ်နောက်ဆုံးနန်းစံဘုရင် ကောလိယ၏သားတော် အေဒီ(၁၁၂၃)ခုနှစ်၊ နန်းတက်သော ဒသရာဇာမင်းလက်ထက်တွင် ကွယ်ပျောက်နေသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို မြိုသင်းကြီးရဟောင်လာနှင့် အပေါင်လာတို့၏ ညွှန်ပြမှုဖြင့် တွေ့ရှိခဲ့ပုံ၊ ရှေးဟောင်းသမိုင်းဝင် စေတီဘုရား ပုထိုးများ၏ အနီးအနား၌ မြိုလူမျိုးတို့ ရပ်ရွာများ ယနေ့အချိန်ထိ အချို့တည်ရှိနေကြပုံ၊ ဥပမာ ကျောက်တော်တောင်စေတီ၊ ဦးရာဇ်တောင်စေတီ၊ ထိပ်တော်စေတီစသည်များ၏ အနီးအနား၌ တည်ရှိနေကြပုံစသည်များကို ထောက်ဆကြည့်ပါက ရှေးခေတ်အခါက မြိုလူမျိုးများ၏ ဗုဒ္ဓဘာသာအပေါ်. ဘယ်အတိုင်းအတာထိ သက်ဝင်ယုံကြည်မှုရှိကြသည်ကို ဘယ်လောက်ထိ အရေးပါအရာရောက်သည်ဆိုသည်ကို မှန်းဆသိနိုင်ပေသည်။မြိုလူမျိုးများသည် ဘီစီခြောက်ရာစုကနေ ဗုဒ္ဓဘာသာကို ကိုးကွယ်ဆည်းကပ်လာကြသော လူမျိုးဖြစ်သော်လည်း ယခုအချိန်အခါ မြတ်ဗုဒ္ဓ၏ အဆုံးအမတရားနှင့် စပ်လျဉ်း၍ ကျင့်သုံးမှုပိုင်း၌ အခြားအခြားသော ဗုဒ္ဓဘာသာဝင် လူမျိုးများထက် အားနည်လာသည်ကို တွေ့ရပေသည်။ မိရိုးဖလာဆန်သည်က ပို၍များပေသည်။ ထိုသို့ ယုံကြည်မှုမပါသော မိရိုးဖလာဆန်သော ကိုးကွယ်ဆည်းကပ်မှုကြောင့် အချို့အချို့သော မြိုလူမျိုးများသည် ခရစ်ယာန်ဘာသာသို့ ကူးပြောင်းသွားကြသည်ကို တွေ့လာရပေသည်။ ဤသည်မှာ သူတို့၏ သန္တာန်၌ မြတ်ဗုဒ္ဓ၏ဓမ္မအပေါ် အသိဉာဏ်နှင့်ယှဉ်သော ယုံကြည်မှုထက် မိရိုးဖလာဆန်သော ယုံကြည်မှု၏ အကျိုးဆက်ကြောင့် ပြောနိုင်သလို ဘာသာရေးခေါင်းဆောင် အချို့တို့၏ သာသနာပြုပုံ အားနည်းချက်ကြောင့်လည်း ဖြစ်နိုင်ပေသည်။ [၂] ယခုအခါ မြိုလူမျိုးကိုးကွယ်ကြသော အဓိကဘာသာများမှာ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်ဘာသာများ ဖြစ်ကြပေသည်။ ရိုးရာနတ်ကို ပူဇော်ပသသော အချို့သော မြိုလူမျိုးများလည်း ရှိကြပေသေးသည်။

ဘာသာစကား ပြင်ဆင္ edit

မြို လူမျိုးတို့တွင် နေရာ ဒေသ နှင့် လိုက်၍ ဘာသာစကား အနည်းငယ် ကွဲပြားမှု ရှိပြီး ၎င်းကို (၅)အုပ်စု အနေဖြင့် ခွဲခြားနိုင်သည်။ ၎င်းတို့မှာ ရိုင်းမာ၊ နောက်ဆာ ၊ဒိုမ်ရောင် ၊ နောက်ကော့၊ နှင့် တင်ဆာ ဟူ၍ ဖြစ်သည်။ မျိုးနွယ်စုကြားတွင် နောက်ဆာစကားသည် တင်ဆာ စကားနှင့်အများဆုးံတူညီသည် အပြော များဆုံး ဖြစ်သည်။ မြို တို့တွင် ကြာမာကိုယ်ပိုင်စာပေ ရှိသည်။ လာတင်အက္ခရာနှင့်ဆင်တူသည် သည်။ မြို လူမျိုးတို့၏ ဘာသာစကားနှင့် ရိုးရာဓလေ့တို့သည် တောင်ပိုင်း ချင်း များနှင့် ပိုမို တူညီမှုများသည်။

===== ကိုးကား =====

[1] [2] [3] [4] [5] [6] [7] [8] h.[9] [10] [11] [12] [13] [14] [15] [16] [17]18.ရခိုင်သုတ(ရခိုင်မဂ္ဂဇင်းဆောင်းပါးများ)၁(စာ ၈၄-၈၆). [18] [19] [20] [21] [22]

  1. ^ 1.Community Based visitor's Facilities inAlikadam,Bandarban (p.28).
  2. ^ 2.An investigation on ethic fashion of Bangladesh(p.34).
  3. ^ 3.A Typeface for MroA Chittagong Hill Tract Language Script.
  4. ^ 4.Housing And Sanitation Status of HillyChakma Community(p.7).
  5. ^ 5.On Mru women health beliefs and practices and on their non-use of helth services.
  6. ^ 6.Determinants of antennatal and postnatal care visits among Indigenous people in bangaladesh:A study of theMru community.
  7. ^ 7.Struggling Against Exclusion Adibasi inChittagong Hill Tracts,Bangladesh(p.37).
  8. ^ 8.A politics of Nudity:Photographs of the'Naked Mru'of Bangladesh.
  9. ^ 9.Indigenous knowledge in Natural Resource management by the hill people:A case of the Mro tribe in banglades
  10. ^ 10.On the history of the Burmah Race(p.29,30).
  11. ^ 11.Languages and Dialects of Tibetto-Burman(p.66).
  12. ^ 12.Morphosyntactic Analysis of MroLanguage (p.159).
  13. ^ 13.ရခိုင်ရာဇဝင်သစ်ကျမ်း(ပထမတွဲ)(စာ ၉၃-၉၆)(စာ ၁၂၂-၁၃၅).
  14. ^ 14.ရခိုင်ရာဇဝင်သစ်ကျမ်း(ဒုတိယတွဲ)(စာ ၄၂၊(စာ ၅၁-၅၂).
  15. ^ 15.ရိုးမခေါ်သံ မောင်စံဖော်(စာ၁၂-၁၅)(စာ ၁၆-၁၉).
  16. ^ 16.ရခိုင်ယဉ်ကျေးမူ (၈)(စာ ၆,၁၀).
  17. ^ 17.သျှင်သာရခိုင်ဆောင်းပါးများ အမှတ်(၁)(စာ ၃,၁၂).
  18. ^ 19.ရခိုင်မင်းသမီးဧချင်း-ဒူမင်းညို (စာ ၁၂, ).
  19. ^ 20.အမြတ်ကီး 'ဘဒူ-မင်းညို'ရေးစပ်သောရခိုင်မင်းသမီးဧချင်း (သို့မဟုတ်)မောက်တော်ေဧးခြင်း(စာ၂၈,၃၆,၃၈,).
  20. ^ 21.မြန်မာ့စွယ်စုံကျမ်းအတွဲ( ၉)အပိုင်း(ခ)(စာ ၄၂၅-၄၂၆).
  21. ^ 22.ရခိုင်စာဆိုတော်များ( ထွန်းရွှေခိုင်).
  22. ^ 23.မယ်ယုတောင်စွယ်ကြားမှ သွေးချင်းမောင်မယ်များ(သျှင်ထွေးယဉ်)